မြန်မာအနုပညာရှင်တွေနဲ့
ကမ္ဘာကျော် မင်းသားဂျက်ကီချန်းတို့ဟာ ဆီဒိုးနားဟိုတယ် မှာ၇ရက်၊ ၇လ၊ ည၇နာရီက
တွေ့ဆုံခဲ့ပါတယ်။ ပွဲမှာယူနီဆက်ဖ်ရဲ့ချစ်ကြည်ရေး သံတမန် ဂျက်ကီချန်းက
ကမ္ဘာအနှံ့ကကလေးသူငယ်များ လူကုန်ကူးခံရခြင်းနဲ့ သူကိုယ်တိုင် အခုလို
တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရခြင်းများ အကြောင်းကို
ရှင်းလင်းပြောကြားခဲ့ပါတယ်။ သရုပ်ဆောင် လူမင်းကကြိုဆိုနှုတ်ခွန်းဆက်
စကားပြောကြားခဲ့ပြီး၊ ထွန်းအိန္ဒြာဗိုက ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ရပါ တယ်။ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းနဲ့တွေ့ဆုံခဲ့တဲ့
အနုပညာရှင်များရဲ့ ပီတိစကားသံများကို ဖော်ပြလိုက်ပါတယ်။
လူမင်း”သူနဲ့အတူ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ လူမှုရေး လုပ်ငန်းတွေပဲဖြစ်ဖြစ်လက်တွဲပြီး လုပ်ချင်တယ်လို့ပြောခဲ့တယ်။ ဒီအတိုင်းအပြင်မှာသက်သက် ဆွေးနွေးဖြစ်တာကတော့ သူက မြေမြှုပ်မိုင်း ကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်ရိုက်ချင်တယ် လို့ပြောတယ်။ အဲဒီကိစ္စကို သူကကျွန်တော်နဲ့ ဆက်သွယ်မယ်လို့ပြောတယ်။ နောက် The One ဆိုတဲ့သီချင်း တစ်ပုဒ်ကို နိုင်ငံတကာက အဆိုတော်တွေနဲ့ ရိုက်ဖို့ရှိတယ်။ အမေရိကန်က နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ဂျက်ကီချန်းကပရိုဂျူဆာ လုပ်မယ်။ ဥရောပပိုင်းကို အမေရိကန်အဆိုတော်က တာဝန်ယူပြီး၊ အာရှပိုင်းကိုဂျက်ကီချန်းက တာဝန်ယူမှာ။ ကျွန်တော့်ကို အဆိုတော်တစ်ယောက်ရွေးပေးဖို့ ပြောတယ်”
ဒါရိုက်တာဝိုင်း”တကယ့်ကို ရိုးသားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတာပါ။ ကျွန်တော်တို့နိုင်ငံကို အခုလိုမျိုး လာရောက်တဲ့အတွက် ဝမ်းသာသလို ကျွန်တော်တို့လည်း အခုလိုကိစ္စတွေ မှာ တတ် နိုင်သမျှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်”
ဒါရိုက်တာကြည်ဖြူသျှင်”သူငယ်ငယ်ကျောင်းမှာနေတုန်းက ကျောင်းကို လာလှူတဲ့အထဲက ဂျာကင်အင်္ကျီလေး တစ်ထည်ရတယ်။ အဲဒါလေးကိုဝတ်ပြီး တအားသဘောကျတော့ သူ့ဆရာတော် ကို ကျေးဇူးတင်မဆုံးကြောင်း သွားပြောတယ်။ ဆရာတော်ကပြောတယ်။ သူ့ကို ကျေးဇူးမတင်နဲ့တဲ့။ သူပေးတာမဟုတ်ဘူး။ အလှူရှင်က လှူတာလို့ပြောတယ်။ ဒါနဲ့ အလှူရှင်တွေလှူတဲ့ တန်ဖိုးကို သူနားလည်ခဲ့တယ်။ ဒါသူကိုယ်တိုင် ခံစားခဲ့ရတာပါလို့ပြောတယ်”
ရဲတိုက်
”မစ္စတာချန်းရဲ့ ခံယူချက်တွေ နာမည်ကြီးတစ်ယောက်မှာ ဒီလိုအလုပ်တွေလုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးရ လိုက်ပါတယ်။ ကိုယ့်ခံယူချက်ကိုလိုပိုပြီး ခိုင်မာအောင် တည်ဆောက်ဖို့စိတ်ကူးမိပါတယ်”
အိန္ဒြာကျော်ဇင်
”သူကအကုန်လုံးနဲ့လက်တွဲပြီး လူကုန်ကူးတဲ့ကိစ္စတွေကို ပူးပေါင်းတိုက်ဖျက်မယ် ဆိုတာ အရမ်းကောင်းတယ်။ သူပြောသွားတဲ့အတိုင်း လူကုန်ကူးတာတိုက်ဖျက်ဖို့ အစ် မတို့အနေနဲ့ ပါဝင်ပူးပေါင်းပြီးလုပ်ချင်ပါတယ်”
ဖြူဖြူကျော်သိန်း
”ဂျက်ကီချန်းပြောသွားတာက သိပ်ကောင်းတယ်။ သူ့ကိုဟောင်ကောင်ကပဲ ပိုင်တာမဟုတ်ဘူးတဲ့။ တစ်ကမ္ဘာလုံးကပိုင်ပါတယ်တဲ့။ မြန်မာပြည်မှာဆို မြန်မာပြည်က ပိုင်ပါတယ်။ ကျွန်တော်ဟာလည်း ခင်ဗျားတို့ပါပဲ။ အတူလက်တွဲပြီး ကလေးတွေအတွက် အလုပ်လုပ် ကြရအောင်ပါလို့ပြောတယ်”
ချစ်သုဝေ
”သူလူမှုရေးလုပ်ငန်းတွေကို လုပ်လာတာ နှစ် ၃ဝရှိနေပြီ။ သိပ်ကို ဂုဏ်ယူစရာ ကောင်းတယ်။ လူကုန်ကူးမှုကို လုံးဝပပျောက်သွားအောင် အတူတူကြိုးစားနိုင်ဖို့ မြန်မာ အနုပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်စိတ် သူအားသန်နေတယ်ဆိုတာ အားပေး စကားပြောသွားတယ်”
ထွန်းအိန္ဒြာဗို
”အဓိကက မစ္စတာချန်းမြန်မာပြည်လာတာ ကလေးတွေအတွက် လာတာဖြစ်တဲ့အတွက် ရည်ရွယ်ချက်သိပ်ကောင်းတယ်။ ဒီလိုပွဲကိုတက်ရောက်ရတာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်တယ်။ သူများတောင် ကိုယ့်တိုင်းပြည်က ကလေးတွေကို လာပြီးကူတယ်။ ကျွန်မတို့က ကျွန်မတို့ တိုင်းပြည်ကို ဘာလို့မကူနိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ ကျွန်မတို့လာကြတာပါ။ အရမ်းလည်းအားကျတယ်။ သူ့လိုပရဟိတ လုပ်နိုင်အောင် ကြိုးစားမယ်။ မြန်မာနိုင်ငံက ကလေးတွေအားလုံးအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ ကျေးဇူးတင် စကားပြောရမယ်လို့ ကြိုသိရတော့ အိုင်ဒီယာလေးနည်းနည်း စဉ်းစားထားရတယ်။ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံနဲ့ ယူနီဆက်ဖ် ပူးပေါင်းပြီး ဂျက်ကီချန်းရဲ့ ကလေး အခွင့် အရေးကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကျွန်မတို့ လုပ်ကြပါမယ်။ တခြား လူတွေအားလုံးကိုလည်း ဖိတ် ခေါ်ပါတယ်”
ဆက်လက်ဖော်ပြပါမည်
(ဓာတ်ပုံကျေးဇူးပြုသော ဒါရိုက်တာဝိုင်းနှင့် ဒါရိုက်တာ ကြည်ဖြူသျှင် တို့အား ပေါ်ပြူလာ မှ အထူးမှတ်တမ်းတင်အပ်ပါသည်)




No comments:
Post a Comment