Wednesday, July 11, 2012

ခေတ်ပေါ် ဆံပင်အလှပြင်နည်းတွေ ကြောင့် ပျက်စီးနေတဲ့ဆံသားများအတွက်



ဒီလောက်လွယ်တဲ့ ဆံပင်လျှော်နည်းကို ဘာလို့ ရေးနေလဲ လို့ မေးဖို့ရှိပါတယ်။

ကျွန်မတို့ ငယ်စဉ်ကတည်းက ခေါင်းလျှော်၊ ခေါင်းဖီး ပုံမှန်လုပ်နေကြဖြစ်လို့ ဘယ်သူမဆို လုပ်တတ် တဲ့ အလွယ်ဆုံး အလေ့အကျင့်ဖြစ်တာမှန်ပါတယ်။ဒါပေမယ့် ကျွန်မတို့ လျှော်နေတဲ့ ဆံပင်လျှော်နည်းမှန် ရဲ့လား။ကျွန်မတို့ရဲ့ လွဲမှားနေတဲ့ ဆံပင်လျှော်နည်းဟာ ခေတ်ပေါ် ဆံပင်အလှပြင်နည်းတွေ ကြောင့် ပျက်စီးနေတဲ့ ကျွန်မတို့ ဆံပင်တွေကို ပိုပြီး ကျွတ်တာ ၊ ခြောက်တာ ၊ နှစ်ခွဖြစ်စေတာ ကို ကျွန်မတို့ သတိမထားမိဘဲ မှားမြဲမှားနေကြသလား ဆိုတာ ဆန်းစစ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ကဲ ဆံပင်လျှော်နည်း အမှန်ကို  ကြည့်ကြရအောင်



(၁) ပထမဆုံး ဆံပင် မလျှော်ခင်၊ ရေမစိုခင်မှာ ရှုပ်နေတဲ့ ဆံပင်တွေကို ဦးစွာ ဖီးရှင်း သင့်ပါတယ် တဲ့။ ဒါမှ
ဆံပင်ကို လျှော်တဲ့ အခါ ဆံပင်တွေမရှုပ်တော့ဘဲ ပိုမိုလွယ်ကူစွာ လျှော်နိုင်မှာပါ။




(၂)  ဆံပင်ကို ရေစွတ်တဲ့ အဆင့်ဖြစ်ပါတယ်။ ရေအေး သို့ ရေအေး ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်တယ်ဆိုပေမယ့် အကောင်းဆုံးကတော့ ရေနွေးနဲ့ စလျှော်ရပါတယ်တဲ့။ ဒါမှ ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး ဆံပင် အရင်းက ဆီတွေ ချေးညှော် တွေကို စင်ကြယ်စွာလျှော်နိုင်မှာပါ။





(၃)  ကိုယ်နှစ်သက်တဲ့ ခေါင်းလျှော်ရည်ကို လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ လက်ဖ၀ါးပေါ်မှာ အရင်ဆုံး ခေါင်းလျှော်ရည် ထည့်ပြီး လက်ဖ၀ါးနှစ်ဖက်ကို ပွတ်ပြီးတော့မှ (ဆံပင်အဖျားမဟုတ်ပါဘူး) ခေါင်းဦးရေပြားပေါ်ကို လိမ်းရမှာဖြစ်ပါတယ်။ ဦးရေပြားက အညစ်အကြေးတွေကို စင်ကြယ်စေတဲ့ ခေါင်းလျှော်ရည်ဟာ ဆံပင်အဖျား အတွက်တော့ ခြောက်သွေ့ စေ ၊ နှစ်ခွဖြစ်စေပြီး အားနည်းစေလို့ပါ။



(၄) (လက်သည်းနဲ့ မဟုတ်ပါဘူး) လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားက အညစ်အကြေးတွေကို ပွတ်လျှော်ရမှာပါ။ လျှော်နေစဉ်မှာလည်း ဆံပင်တွေကို မရှုပ်ရှုပ်အောင် လုံးထွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပြီးရင်တော့ ရေနဲ့ ဆေးကြောပစ်ရပါမယ်။

(၅) အကောင်းဆုံး ဆံပင်လျှော်နည်းကတော့ နှစ်ထပ်လျှော်ရမှာဖြစ်ပါတယ်တဲ့။ ပထမအကြိမ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့ ခေါင်းလျှော်ရည်မှာပါတဲ့ အာဟာရဓာတ်တွေကို ဦးရေပြားထဲဝင်ဖို့ဖြစ်ပါတယ်တဲ့။ ဒုတိယအကြိမ်လျှော်ရာကစပြီး ခေါင်းဦးရေပြားက ချွေးပေါက်လေးတွေပြန်ပိတ်အောင်  ရေအေးကိုသာ ဆက်လက်အသုံးပြုသင့်ပါတယ်တဲ့။
ဒါ့အပြင် ဒုတိယအကြိမ်မှာ ခေါင်းလျှော်ရည်ကို ဦးရေ ပြားပေါ်မှာ နှစ်မိနစ်ခန့် ထားပြီး ဆံပင်ကို အစာကျွေးသင့်ပါတယ် ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးကြောပစ်ရပါမယ်။

(၆) နှစ်ထပ်ခေါင်းလျှော်ပြီးတဲ့ အချိန်မှာတဲ့ အချိန်မှာတော့ ဆံပင်ပေါ်ကရေကို လက်နဲ့ ညှစ်ပါ။ ဆံပင်ရေစိုကို ဆောင့်ဆွဲခြင်း ခါချခြင်း များ မပြုလုပ်သင့်ပါဘူး။ စိုစွတ်နေတဲ့ ဆံပင်ဟာ အနူးညံ့ဆုံးဖြစ်လို့ ဆံပင် ကျွတ်ခြင်း ပျက်စီးခြင်းတွေ ဖြစ်စေလို့ပါတဲ့။




(၇) conditioner လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။  (ဦးရေပြားကို လိမ်းရမှာမဟုတ်ပါဘူး) စိုနေတဲ့ ဆံပင်အချောင်းလိုက်ကို သုတ်ရမှာပါ။ ဆံပင် တစ်ချောင်းလုံးနဲ့ အဖျားတွေကို အလေးထားပြီး သုတ်လိမ်းရမှာပါ။ သုတ်လိမ်းပြီးရင် shower cap လို့ခေါ်တဲ့ ဆံပင်ကိုအလုံ အုပ်နဲ့ ၅မိနစ်မှ ၁၀ မိနစ် ခန့်ထားသင့်ပါတယ်။ ပြီးရင်တော့  ရေအေးလေးနဲ့ ပဲ conditioner စင်ကြယ်တဲ့ အထိ ဆေးကြော ရပါမယ်။ conditioner မစင်ခြင်းဟာ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေနိုင်လို့ပါ။




(၈) ပြီးရင်တော့ ဆံပင်ကို လက်နဲ့ ရေညှစ်ပါ။ သဘက်စောင်နဲ့ ပတ်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ ထပ်ပွတ်ပါ။ ခပ်ကြမ်းကြမ်း ခပ်မြန်မြန်သုတ်ခြင်းကို သင့်ဦးရေပြား အနာခံ နိုင်ရုံသာ သုတ်သင့်ပါတယ်။ ပြီးရင်တော့ အကောင်းဆုံး လေအေးလေးနဲ့ ခြောက်သွားအောင် မှုတ်သွားရမှာဖြစ်ပါတယ်။
ကဲ ဖော်ပြခဲ့တဲ့ အရိုးရှင်းဆုံး ခေါင်းလျှော်နည်း  အဆင့်တွေ ဟာ များလည်းများပြီး အချိန်လည်း အများကြီး ပေးရပါတယ်။ ဒါပေမယ့် လှပတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့ အချိန်ရော အားစိုက်မှုရော လိုအပ်လို့  ရွှေမြန်မာမလေးများ ဆံပင်ကို မှန်ကန်သော ဆံပင်လျှော်နည်းဖြင့် ထိန်းသိမ်းနိုင်ကြပါစေနော်။

ချမ်းမီမီကို


Chan Me Me Ko
Real Name : Chan Me Me Ko
Date of Birth : 9-June
Nationality : Myanmar (Bamar)
Weight : -
Height : 5-7
Body : 30 - 25 - 32
Eye Color : -
Hair Color : -
Face Shape : -
Complexion : -
Shoes No. : -
Professional :Actress
Hobby : -
Award : Miss EXIT 12 Plus Girls 2008, Miss People Second Miss LACTACDY 2009 Runner 2008, Miss Moe Yan 2009, Queen Oramin-F 2010



၇ရက်၊ ၇လ၊ ၇နာရီမှာ မြန်မာအနုပညာရှင်များ ဂျက်ကီချန်းနှင့် ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံ

Share
မြန်မာအနုပညာရှင်တွေနဲ့ ကမ္ဘာကျော် မင်းသားဂျက်ကီချန်းတို့ဟာ ဆီဒိုးနားဟိုတယ် မှာ၇ရက်၊ ၇လ၊ ည၇နာရီက တွေ့ဆုံခဲ့ပါတယ်။ ပွဲမှာယူနီဆက်ဖ်ရဲ့ချစ်ကြည်ရေး သံတမန် ဂျက်ကီချန်းက ကမ္ဘာအနှံ့ကကလေးသူငယ်များ လူကုန်ကူးခံရခြင်းနဲ့ သူကိုယ်တိုင် အခုလို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရခြင်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သရုပ်ဆောင် လူမင်းကကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ထွန်းအိန္ဒြာဗိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရပါ တယ်။ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းနဲ့တွေ့ဆုံခဲ့တဲ့ အနုပညာရှင်များရဲ့ ပီတိစကားသံများကို ဖော်ပြလိုက်ပါတယ်။
လူမင်း
”သူနဲ့အတူ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ လူမှုရေး လုပ်ငန်းတွေပဲဖြစ်ဖြစ်လက်တွဲပြီး လုပ်ချင်တယ်လို့ပြောခဲ့တယ်။ ဒီအတိုင်းအပြင်မှာသက်သက် ဆွေးနွေးဖြစ်တာကတော့ သူက မြေမြှုပ်မိုင်း ကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်ရိုက်ချင်တယ် လို့ပြောတယ်။ အဲဒီကိစ္စကို သူကကျွန်တော်နဲ့ ဆက်သွယ်မယ်လို့ပြောတယ်။ နောက် The One ဆိုတဲ့သီချင်း တစ်ပုဒ်ကို နိုင်ငံတကာက အဆိုတော်တွေနဲ့ ရိုက်ဖို့ရှိတယ်။ အမေရိကန်က နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ဂျက်ကီချန်းကပရိုဂျူဆာ လုပ်မယ်။ ဥရောပပိုင်းကို အမေရိကန်အဆိုတော်က တာဝန်ယူပြီး၊ အာရှပိုင်းကိုဂျက်ကီချန်းက တာဝန်ယူမှာ။ ကျွန်တော့်ကို အဆိုတော်တစ်ယောက်ရွေးပေးဖို့ ပြောတယ်”
ဒါရိုက်တာဝိုင်း
”တကယ့်ကို ရိုးသားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတာပါ။ ကျွန်တော်တို့နိုင်ငံကို အခုလိုမျိုး လာရောက်တဲ့အတွက် ဝမ်းသာသလို ကျွန်တော်တို့လည်း အခုလိုကိစ္စတွေ မှာ တတ် နိုင်သမျှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်”
ဒါရိုက်တာကြည်ဖြူသျှင်
”သူငယ်ငယ်ကျောင်းမှာနေတုန်းက ကျောင်းကို လာလှူတဲ့အထဲက ဂျာကင်အင်္ကျီလေး တစ်ထည်ရတယ်။ အဲဒါလေးကိုဝတ်ပြီး တအားသဘောကျတော့ သူ့ဆရာတော် ကို ကျေးဇူးတင်မဆုံးကြောင်း သွားပြောတယ်။ ဆရာတော်ကပြောတယ်။ သူ့ကို ကျေးဇူးမတင်နဲ့တဲ့။ သူပေးတာမဟုတ်ဘူး။ အလှူရှင်က လှူတာလို့ပြောတယ်။ ဒါနဲ့ အလှူရှင်တွေလှူတဲ့ တန်ဖိုးကို သူနားလည်ခဲ့တယ်။ ဒါသူကိုယ်တိုင် ခံစားခဲ့ရတာပါလို့ပြောတယ်”
ရဲတိုက်
”မစ္စတာချန်းရဲ့ ခံယူချက်တွေ နာမည်ကြီးတစ်ယောက်မှာ ဒီလိုအလုပ်တွေလုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးရ လိုက်ပါတယ်။ ကိုယ့်ခံယူချက်ကိုလိုပိုပြီး ခိုင်မာအောင် တည်ဆောက်ဖို့စိတ်ကူးမိပါတယ်”
အိန္ဒြာကျော်ဇင်
”သူကအကုန်လုံးနဲ့လက်တွဲပြီး လူကုန်ကူးတဲ့ကိစ္စတွေကို ပူးပေါင်းတိုက်ဖျက်မယ် ဆိုတာ အရမ်းကောင်းတယ်။ သူပြောသွားတဲ့အတိုင်း လူကုန်ကူးတာတိုက်ဖျက်ဖို့ အစ် မတို့အနေနဲ့ ပါဝင်ပူးပေါင်းပြီးလုပ်ချင်ပါတယ်”
ဖြူဖြူကျော်သိန်း
”ဂျက်ကီချန်းပြောသွားတာက သိပ်ကောင်းတယ်။ သူ့ကိုဟောင်ကောင်ကပဲ ပိုင်တာမဟုတ်ဘူးတဲ့။ တစ်ကမ္ဘာလုံးကပိုင်ပါတယ်တဲ့။ မြန်မာပြည်မှာဆို မြန်မာပြည်က ပိုင်ပါတယ်။ ကျွန်တော်ဟာလည်း ခင်ဗျားတို့ပါပဲ။ အတူလက်တွဲပြီး ကလေးတွေအတွက် အလုပ်လုပ် ကြရအောင်ပါလို့ပြောတယ်”
ချစ်သုဝေ
”သူလူမှုရေးလုပ်ငန်းတွေကို လုပ်လာတာ နှစ် ၃ဝရှိနေပြီ။ သိပ်ကို ဂုဏ်ယူစရာ ကောင်းတယ်။ လူကုန်ကူးမှုကို လုံးဝပပျောက်သွားအောင်  အတူတူကြိုးစားနိုင်ဖို့ မြန်မာ အနုပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်စိတ် သူအားသန်နေတယ်ဆိုတာ အားပေး စကားပြောသွားတယ်”
ထွန်းအိန္ဒြာဗို
”အဓိကက မစ္စတာချန်းမြန်မာပြည်လာတာ ကလေးတွေအတွက် လာတာဖြစ်တဲ့အတွက် ရည်ရွယ်ချက်သိပ်ကောင်းတယ်။ ဒီလိုပွဲကိုတက်ရောက်ရတာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်တယ်။ သူများတောင် ကိုယ့်တိုင်းပြည်က ကလေးတွေကို လာပြီးကူတယ်။ ကျွန်မတို့က ကျွန်မတို့ တိုင်းပြည်ကို ဘာလို့မကူနိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ ကျွန်မတို့လာကြတာပါ။ အရမ်းလည်းအားကျတယ်။ သူ့လိုပရဟိတ လုပ်နိုင်အောင် ကြိုးစားမယ်။ မြန်မာနိုင်ငံက ကလေးတွေအားလုံးအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ ကျေးဇူးတင် စကားပြောရမယ်လို့ ကြိုသိရတော့ အိုင်ဒီယာလေးနည်းနည်း စဉ်းစားထားရတယ်။ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံနဲ့ ယူနီဆက်ဖ် ပူးပေါင်းပြီး ဂျက်ကီချန်းရဲ့ ကလေး အခွင့် အရေးကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကျွန်မတို့ လုပ်ကြပါမယ်။ တခြား လူတွေအားလုံးကိုလည်း ဖိတ် ခေါ်ပါတယ်”
ဆက်လက်ဖော်ပြပါမည်
(ဓာတ်ပုံကျေးဇူးပြုသော ဒါရိုက်တာဝိုင်းနှင့် ဒါရိုက်တာ ကြည်ဖြူသျှင် တို့အား ပေါ်ပြူလာ မှ အထူးမှတ်တမ်းတင်အပ်ပါသည်)


Share

ပရိသတ်သဘောမတွေတဲ့ Girl’s Generation ရဲ့လက်အိတ်ဖက်ရှင်



 

 ကိုရီးယား အဆိုတော်မလေးတွေ ပါဝင်တဲ့အဖွဲ့များဟာ သူတို့ကို လူတွေ သတိထားမိအောင် စတိုင်တွေအမျိုးမျိုး ထုတ်နေကြတဲ့အထဲမှာ Girl’s Generation အဖွဲ့ရဲ့ မကြာသေးမီက လက်အိတ်ဖက်ရှင် တစ်မျိုးကတော့ သူတို့ပရိတ်သတ်တွေ အတွက်အတော်လေး မနှစ်မြို့စရာဖြစ် သွားတယ်လို့သိရပါတယ်။ PAPARAZZI ဆိုတဲ့ သူတို့အဖွဲ့ရဲ့ သီချင်းကို မကြာခင်ကထုတ် လွှင့်ခဲ့တုန်းမှာ သူတို့ရဲ့ ဝတ်စုံဖက်ရှင်နဲ့အတူ လက်အိတ်တွေကို တွဲဖက်ဝတ်ဆင်ခဲ့ကြပါတယ်။ အဲဒီလက်အိတ်တွေဟာ အလှအပအတွက် သုံးတဲ့လက်အိတ်တွေ မဟုတ်ဘဲ အိမ်ရှင်မတွေ ပန်းကန်ဆေးရာမှာ သုံးတဲ့၊ ဈေးသက်သာတဲ့ ရာဘာလက် အိတ်တွေကို စွပ်ထားခဲ့ ကြတဲ့အတွက် ရာဘာ လက်အိတ်ကြော်ငြာလား ဖက်ရှင်လားလို့ အွန်လိုင်း ပရိတ်သတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့သီချင်းခွေသစ် ”PAPARAZZI” ကို ဇွန်လ ၂၇ ရက် နေ့ကစ တင်ရောင်းချခဲ့ပါတယ်။

marina

Marina

Aung Ye lin

အောင်ရဲလင်း ရဲ့ တစ်ကိုယ်တော် အလှတရားများ

အလှအပရေးရာ အတိုအထွာများ

 
သူငယ်ချင်းတို့ ဗဟုသုတရအောင် အလှအပရေးရာအတိုအထွာလေးတွေကို စုစည်းပေးထားပါတယ်။ အသစ်အသစ်တွေကို သူငယ်ချင်းတို့ရှာရလွယ်အောင် ပို့စ်ရဲ့အပေါ်ဘက်ကပဲ ထပ်ထပ်ထည့်ပေးသွားမယ်နော်။









မျက်နှာမှာ လိမ်းခြယ်တဲ့အခါ
မျက်နှာမှာ ခရမ်တွေ လိမ်းတာပဲဖြစ်ဖြစ် ဘာကိုပဲလိမ်းလိမ်း အတင်းဖိပြီး ပွတ်ဆွဲတာမျိုးမလုပ်ပါနဲ့.. အရေးအကြောင်းတွေ မြန်မြန်ပေါ်လာနိုင်လို့ပါ.. ဖြစ်နိုင်ရင် လက်ခလယ်ကို သုံးပြီးလိမ်းပါ.. လက်ခလယ်က လက်ညှိုးထက် ပိုအားပျော့လို့ပါ.. မျက်ဝန်းတ၀ှိက်ကို လိမ်းမယ်ဆိုရင်တော့ လက်သန်းကြွယ်ကို သုံးတာ အကောင်းဆုံးပါပဲ..

အကြောပြတ်ရာတွေအတွက်
အကြောပြတ်ရာတွေကို ဗီတာမင်အီး (သို့) သံလွင်ဆီကို အသားထဲစိမ့်ဝင်အောင် သေချာလိမ်းပြီး မှန်မှန်စွဲလိမ်းသွားရင် အကြောပြတ်ရာတွေ တဖြည်းဖြည်းပျောက်ကင်းသွားနိုင်ပါတယ်။ Loreal မှာလည်း အကြောပြတ်ရာတွေအတွက် ထုတ်ထားတဲ့ဆေးရှိပါတယ်တဲ့။


ဆံပင် ၂ ခွ ဖြစ်နေရင်
 ဆံပင်အဖျားလေးတွေဟာ ကြာလာတာနဲ့အမျှ ခြောက်သွေ့ပြီး ကြမ်းလာတတ်တယ်။ အထူးသဖြင့် ဖြောင့်လိုက်၊ ကောက်လိုက် ခဏခဏလုပ်တဲ့သူတွေ ဆံပင်ကို ဂရုမစိုက်ပဲ ပစ်ထားတဲ့သူတွေမှာ အဖျားတွေကလည်း ၂ ခွဖြစ်လာတတ်တယ်လေ။ ၂ ခွဖြစ်ပြီဆိုရင် ၀ါးလုံးတွေ ကျိုးသွားသလိုပဲ..။ ပြန်ဆက်လို့မရဘူးလို့ ပြောတာပါ။ :D ပြန်ဆက်လို့ရတယ်ဆိုတဲ့ဆေးတွေက အဆီနဲ့ခဏထိန်းပေးတာတဲ့။ ကော်နဲ့ ကပ်ထားသလိုပေါ့။ အဆီကုန်ရင် ပြန်ပြီး ၂ ခွတွေ ပေါ်လာရောလေ။ အဲဒီတော့ ဆံပင် ၂ ခွတွေဖြစ်ရင် တစ်ခုထဲသောနည်းကတော့ ညှပ်လိုက်တာပဲနော်။ ဒါကြောင့် ဆံပင်အဖျားတွေကို လတိုင်း မဟုတ်ရင်တောင် ၂ လ တစ်ခါ တိပေးပါ။ ခု နှမြောနေရင် အဖျားတွေဟာ ဆံပင်ကို တဖြည်းဖြည်းခွဲခွဲလာပြီး ဆံပင်တစ်ချောင်းလုံးကုန်အောင် ဒုက္ခပေးလာလိမ့်မယ်နော်။

ရေမွှေးတာရှည်ခံအောင်
ရမွှေးတာရှည်ခံချင်ရင် လည်ပင်းနောက်နဲ့ လက်ကောက်ဝတ်နေရာတွေကို ဆွတ်ပေးပါ။ Body Lotion တစ်ခုခုလိမ်းပြီး ရေမွှေးဆွတ်ရင် ပိုခံပါတယ်တဲ့။ စမ်းကြည့်အုံးနော်။

မျက်လုံးအောက်က အဆီဖုေ
လးများ

မျက်လုံးအောက်က အဆီဖုတွေက ချွေးပေါက်လေးတွေ ပိတ်နေရင် ဖြစ်တတ်ပါတယ်.. Eye Cream ကို Oil Free သုံးပေးပါ.. မိတ်ကပ်တွေ Skin Care တွေကိုလည်း Oil Free ပဲသုံးပါ.. မိတ်ကပ်အထူကြီးမလိမ်းပါနဲ့.. မျက်နှာကို သေချာသစ်ပါ.. မိတ်ကပ်မဖျက်ပဲ ဘယ်တော့မှ မအိပ်ပါနဲ့.. တပတ်ကို ၂ ကြိမ် Scrub သုံးပေးပါ.. တပတ်တကြိမ်ပေါင်းတင်ပါ.. မသန့်ရှင်းတဲ့လက်နဲ့ ခဏခဏမကိုင်ပါနဲ့ .. အပြင်းစားအလှကုန်တွေမသုံးပါနဲ့.. ဒီတိုင်း သေချာလုပ်သွားရင် အဆီဖုလေးတွေ ကြာကြာမနေနိုင်ပါဘူး.. Fighting !!!!